Thursday, January 10, 2013

ဖိုင်မန်နေဂျာ ထဲကနေ wifi နဲ. data တွေကို ရှယ်ကြမယ်။

www.myanmarmobileapp.com မှ ကို ကြပ်ကလေး၏ ပိုစ့်အား ပြန်လည်ဖော်ပြသည်။

App လေးရဲ့ အမည်ကတော့ Agile File Manager လို့ ခေါ်ပါတယ်။
သုံးပုံသုံးနည်းကတော့ file manager အတိုင်းဖြစ်ပေမယ့် သူမှာ ထူးခြားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ feature လေးတခုပါရှိခြင်းပဲ ဖြစ်ပါတယ်ဗျ။ အဲ့ဒါက ဘာလည်း ဆိုတော့ Zapya လိုမျိုး wifi နဲ့ ဖိုင် share လို့ ရတဲ့ feature လေးပဲ ဖြစ်ပါတယ်။ အဲ့ဒါကို ဘယ်လိုသုံးရတယ်ဆိုတော့ file manager လေးကို ဖွင့်လိုက်ပြီး အပေါ်နားမှာ Send ဆိုတာလေးကို နှိပ်လိုက်ပါ။ ပြီးရင် Connect with friends ထဲဝင်လိုက်ရင် Create a connection နဲ့ Search and join ဆိုတာလေးတွေ့ပါလိမ့်မယ်။ ထုံးစံအတိုင်း တယောက်က create တယောက်က search and join ပေါ့။ ဒါဆို ဖုန်းထဲမှာပေါ်လာမယ့် နံမယ်လေးကို ချိတ်ဆက်လိုက်ရင် ထုံးစံ အတိုင်းလက်ခံမခံမေးမယ်ပေါ့ဗျာ။ လက်ခံလိုက်ရင် တယောက်နဲ့ တယောက် file share လို့ ရပါပြီ။ သူ့ share ပဲလေးက တမျိုးလေးဗျ။ share ချင်တဲ့ ဖိုင်လေးကို အမှန်လေး ခြစ်လိုက်ပါဗျာ။ ပြီးရင် share ဖို့ ဘာကို နှိပ်ရမလည်း ရှာကြည့်ကြပါ ……. ဘယ်လိုမှ တွေ့မှာ မဟုတ်ပါဘူး။ ဘယ်တွေ့မလည်းဗျ Share ဖို့ အတွက် ဘာကိုမှ မပေးထားတာကိုး။ ဒီလိုပြောလိုက်လို့ စိတ်မပျက်သွားပါနဲ့နော် …… ဖုန်းလေးကို ကိုင်ပြီး လက်ကလေးကို ရဲရဲတင်းတင်းလှုပ်ကြည့်လိုက်ပါ ဒါဆို ထူးခြားချက်လေး တခုထပ်တွေ့ရပါလိမ့်မယ် ……..
  လိုချင်ရင်အောက်မှာဒေါင်းပါ။

Mediafire — > Download Link 
Dropbox  – > Download Link 


ဒီပိုစ့်အတွက် ကိုကြပ်ကလေးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

No comments:

Post a Comment