Saturday, May 18, 2013

Google service မပါသောဖုန်းများအား google service ထည့်သွင်းနည်း

google service မပါတဲ့ ဖုန်းတွေ အကြောင်းအရင်ပြောမယ်ဗျာ။ google service မပါတဲ့ ဖုန်းတွေ ရဲ. ဆိုးကျိုးတွေက ဘာတွေလဲ ဆိုတော့ G talk သုံးမရခြင်း Gmail သုံးမရခြင်းနှင့် google play ၀င်မရခြင်းစတာတွေက တော့ အထင်ရှားဆုံးပြသနာတွေ ပါပဲ google ကပေးတဲ့ service တွေ ဘာတစ်ခုမှကို သုံးလို.မရပါဘူး အဲ့တာတွေကို ကျော်လွှားဖို.အတွက် system file ထဲမှာ gapps ဆိုတဲဟာလေးကို သွင်းပေးရပါတယ်။အဲ့တာမှ google ကပေးတဲ့ service တွေ အကုန် လုံးကို သုံးလို.ရမှဖြစ်ပါတယ်။အဲ့တာသွင်းဖို.အတွက် အရင်ဆုံး မိမိဖုန်းက cwm တင်ထားပီးသားဖြစ်ရပါလိမ့်မယ်။cwm တင်မတင်သိခြင်ရင်တော့ recover mode ထဲကို ၀င်ကြည့်လိုက်ပါ။အဲ့ထဲမှာ install zip-----ဆိုတဲ့ စာသားလေးနဲ.ဟာ ပါရင်တော့ cwm တင်ပီးသားဖြစ်တယ်လို. ယူဆလို. ရပါတယ်။ပီးရင် gapps ဆိုတဲ့ zip ဖိုင်လေးကို ဒေါင်းရပါမယ်မိမိဖုန်းအမျိုးအစားအလိုက်ပေါ့ ရွေဒေါင်းရပါမယ်အောက်ကလင့်မှာ အများကြီးရှိပါတယ် မိမိဖုန်း android version အလိုက်ဒေါင်းပေါ့နော်
http://www.teamandroid.com/gapps/

ဒေါင်းပီးလို.ရလာတဲ့ gapps ဆိုတဲ့ zip ဖိုင်ကို ဖုန်းရဲ. sd card ထဲကို ထည့်ပါ။ပီးရင်တော့ ဖုန်းကို ပါဝါပိတ်ပါ။
ပီးရင် volume down+power ကီးကို တွဲနှိပ်ပေးပါ။ အချို.ဖုန်းတွေက တော့ recovery mode ထဲ ၀င်တဲ့ နည်း လွဲပါလိမ့်မယ် ဒါ ကျွန်တော့ ဟာဝေးး ဖုန်းလေးကတော့ အဲ့လိုလုပ်ရင် အိုကေပါတယ် ခင်ဗျ။ပီးရင် install zip------   ဆိုတာလေးကို ရွေးပါ ။ပီးရင် sd card ကိုရွေး။နောက်တဆင့် ခုနက မိမိသိမ်းထားခဲ့တဲ့ gapps ဖိုဒါလေးထဲကို သွားပီး အဲ့တာလေး ကို အင်စတော လုပ်လိုက်ပါ။ ပီးရင် စက်က restart ကြသွားပါမယ် ။ပြန်တက်လာတဲ့အချိန်မှာ google service တွေ အကုန်သုံးလို.ရသွားပါပီ။ အဆင်ပြေကြပါစေ။

No comments:

Post a Comment