Sunday, December 30, 2012

JXD tablet များအား firmware တင်ခြင်း(ကြာချိန် ၃ မိနစ်)

jxd tablet များကို ဗားရှင်း မြှင့်လိုသောကြောင့်ဖြစ်စေ အကြောင်းတစ်ခုခု ကြောင့် ပါဝါမတက်သောကြောင့်ဖြစ်စေ လက်တည့်စမ်းခြင်သောကြောင့်သော်လည်းကောင်း(ဟီးးးးး) firmware ကို အသစ်ပြန်တင်တတ်ကြပါတယ် ကွန်ပြူတာလိုပြောရရင်ဖြင့် ကွန်ပြူတာမှာဆိုရင် window တင်တာပေါ့နော် ဖုန်းတွေ တက်ဘလက်တွေ ကြတော့ firmware တင်တယ်လို.ပြောပါတယ်။ ကဲစလိုက်ရအောင်
ကျွန်တော်က တော့ jxd s7600 ကို firmware တင်ကြည့်မှာပါ အခြား jxd တွေလဲ အဲ့လိုပဲတင်လို.ရပါတယ်

ပထမဆုံး ဆော့ဝဲနှစ်ခုဒေါင်းရပါမယ်
jxd s7600 firmware ကို ဒေါင်းရန်ကလစ်နှိပ်ပါ

အခြားသော မော်ဒယ်များအား ဒေါင်းလိုပါက ဒီကိုကလစ်နှိပ်ကာ သွားရောက်ဒေါင်းလော့ရယူပါ

နောက်တစ်ခုက livesuite ကိုဒေါင်းပါ။
http://www.mediafire.com/?8df3cxrfx651tag

ပီးရင် jxd firmware ကော livesuite ကိုကော ဇစ်ဖြည်လိုက်ပါ။ jxd firm ware zip ဖြည်လိုက်သောအခါအထဲတွင် ဖိုဒါ 5ခု တွေ.ပါလိမ့်မယ် ထိုအထဲမှ S7600-01-20120423CN ကိုသာသုံးမှာ ဖြစ်ပါတယ် အခြားဟာတွေ ကို လုံးဝမသုံးပါ။

livesuite ကို ဇစ်ဖြည်ပီးပါက ထိုအထဲမှ LiveSuitPack_version_1.07_2011026 အားနှိပ်ပါ။ထို.နောက်LiveSuit အားလည်း နှိပ်ပါ။ထိုသို.နှိပ်သောအခါ ဘောက်စ်တွေပေါ်လာရင် ok သာပြောပါ။တချို.ကွန်ပြူတာတွေက livesuite ကိုပဲနှိပ်ရင်ရကာ တချို.စက်များက နှစ်ခုလုံးနှိပ်မှ ရသည်။ ပီးရင် desktop ပေါ်ကို ကြည့်ပါ livesuite icon လေး ၀င်နေတာကို တွေ.ရပါမယ်။

livesuite icon လေးကို ဖွင့်ပါ။ အောက်ကပုံအတိုင်တွေ.ရပါမယ်





အပေါ်မှ ဘောက်စ်လေးအား အမှားခြစ်လေးအား နှိပ်ပီး ပိတ်ပါ။

ထို.နောက်

ကလစ်နှိပ်ပီးရင်တော့ ဘောက်စ်လေးတစ်ခုပေါ်လာပါလိမ့်မယ် အဲ့ထဲက နေပီးတော့ မိမိ ခုနကဒေါင်းထားတဲ့ S7600-01-20120423CNဆိုတဲ့ ဖိုဒါလေးဆီကို သွားပါ ပီးရင် အဲ့ထဲက နေပီးတော့
S7600-01-20120423CN.img ဆိုတဲ့ စာရွက်လိုလေး ဖြစ်နေတဲ့ ဖိုင်လေးကို ရွေးပေးလိုက်ပါ။အောက်က ပုံအတိုင်းလုပ်လိုက်ပါ။
ပီးရင်တော့ jxd ရဲ. ပါဝါကို ပိတ်လိုက်ပါ။ ပီးရင် jxd tablet ရဲ. menu ခလုတ်လေးကို ဖိထားပါ။ပီးရင် usb ကြိုးကို အသုံးပြုပိး ကွန်ပြူတာနဲ. ဂျိုင်းလိုက်ပါ။တပြိုင်တည်းမှာပဲ ပါဝါ ခလုတ်ကို ၆ ချက်လောက် နှိပ်ပါ။ ပီးရင် driver insall ဆိုတဲ့ ဘောက်စ်လေးတက်လာပါလိမ့်မယ် install automitcally ကို ချက်ပေးပီး next တွေကို နှိပ်လိုက်ပါ။ ခဏနေရင် format ချမလားလို. ဘောက်စ်လေးနဲ.မေးပါလိ့်မ် ပီး အခြားဘောက်စ်တွေကော တက်လာပါလိ့မ်မယ် အားလုံးကို Ok ပဲပေးလိုက်ပါ ခဏနေရင် livesuite ဘောက်စ်လေး မှာ ရာခိုင်နှုန်းတွေ တက်လာပီး jxd ဟာ အော်တို restart ကျသွားပါလိ့်မ်မယ် ပီးရင် boot တက်လာပါမယ် တက်လာတဲ့ အချိန်ဟာ ဆိုရင် ၁၀ မိနစ်အထိ ကြာနိုင်ပါတယ် ပြန်တက်လာတဲ့ အချိန်မှာတော့ ကဲ ကျွန်တော် တို. firmware တင်တာ အောင်မြင်သွားပါပီ အဆင်ပြေကြပါစေ ။ စမ်းကြည့်နိုင်ပါတယ်။

3 comments:

  1. http://www.gadgetdoor.com/202-gdc-athena-gps-android-40-3g-bluetooth-tv-dual-sim-card-dual-camera-.html ဒီကောင်လေးကို ဘယ်လို firmware ပြန်တင်
    ရမလဲဗျာ...ကျနော် root လုပ်လိုက်တာ ဆော့လို့မရတော့လို့ပါ..ကျေးဇူး
    တင်ပါတယ်

    ReplyDelete
  2. mediafire link သေနေပါတယ်။ဒေါင်းလော့ မရ တော့ပါ ခင်ဗျာ။ အသစ် ပြန်တင်ပေးပါလား

    ReplyDelete