Monday, October 14, 2013

HTC One Max တရားဝင်ကြေညာ



HTC One Max စမတ်ဖုန်းကို တရားဝင်ကြေညာလိုက်ပါပြီ။ One Family ထဲမှာ အကြီးဆုံး စမတ်ဖုန်း ဖြစ်တဲ့ HTC One Max ဟာ Phablet ဈေးကွက်ထဲကို ဝင်မှာပါ။


အရွယ်အားဖြင့် ၅.၉ လက်မ ရှိပြီး Super LCD 3 ကို အသုံးပြုထားပါတယ်။ 1920x1080 pixel resolution အရည်အသွေးရှိပြီး ppi က 373 အဆင့်ရှိတာကြောင့် ကြည်လင်ပြတ်သားမှု ကောင်းတဲ့ ဖုန်းတစ်လုံး စာရင်းထဲမှာ ပါဝင်ပါတယ်။ ထူးခြားချက်က စပီကာ ကိုအပေါ်မှာရော၊ အောက်မှာပါ တပ်ဆင်ထားခြင်း ဖြစ်ပြီး သူ့ကို BoomSound speaker လို့အမည်ပေး ပါတယ်။

၂၁၇ ဂရမ် အလေးချိန်ရှိပြီး Samsung Galaxy Note 3 ထပ် ၅၀ ဂရမ်ပိုလေးနေတာတော့ အမှန်ပါပဲ။ RAM က 2GB ရှိပါတယ်။ 1.7GHz quad –core Qualcomm Snapdragon 600 Chispet ကို အသုံးပြုထားပြီး 16GB နဲ့ 32 GB Internel memory ၂ မျိုး ထုတ်လုပ် ထားပါတယ်။ ကင်မရာ က 4 megapixel UltraPixel ဖြစ်ပြီး aperture f2.0 , Lens 28 mm ပါဝင် ပါတယ်။ ရှေ့ မှာက 2 megapixel ကင်မရာပါ။

ထူးခြားချက် နောက်တစ်ခု ရှိပါတယ်။ HTC One Max ဝယ်ယူသူအနေနဲပ Google Drive 50 GB space ရရှိမှာ ဖြစ်ပါတယ်။ Android 4.3 OS နဲ့ Sense 5.5 ပါဝင် ပါတယ်။ ဘက်ထရီက 3300 mAh မို့ talk time ၂၅ နာရီခံကြောင်း ဆိုပါတယ်။

ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာ မကြေညာသေးပါဘူး။ အရွယ်အစားအားဖြင့် ၅.၉ လက်မ ဆိုတော့ Note 3 ထပ်ကြီးတာတော့ အမှန်ပါပဲ။ RAM မှာတော့ 1GB နည်းပါတယ်။ HTC One Max ကို မကြာမီ ဈေးကွက် ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

No comments:

Post a Comment