Monday, December 31, 2012

JXD tablet များအား root လုပ်စရာမလိုဘဲ မြန်မာဖောင့်သွင်းနည်း(version 4.0.3)

jxd tablet တွေတော်တော်များများကို root မလုပ်ဘဲမြန်မာဖောင့်သွင်းကြည့်ရအောင် ။ အခုပြောမဲ့နည်းလမ်းက မြန်မာစာကို အခြား root လုပ်ထားတဲ့ tablet တွေ phone တွေ အတိုင်းပဲ အသုံးပြုလို.ရမယ် ရိုက်လို.လဲ ရမှာဖြစ်ပါတယ် ။ကျွန်တော်စမ်းသပ်ထားတာတော့android version 4.0.3 ရှိတဲ့ ဖုန်းတော်တော်များများရယ် jxd s7600 ရယ်ကိုတော့ စမ်းသပ်ထားပါတယ် ။အားလုံးအဆင်ပြေပါတယ်။ အရင်ဆုံး Android version ကို 4.0.3အဖြစ်မြှင့်ရမှာပဲ ဖြစ်ပါတယ်။ Android versionကို 4.0.3 အဖြစ် မြှင့်ဖို.အတွက် firmware တင်နည်းကို ဒီနေရာလေးကိုကလစ်နှိပ်ပီး သွားရောက်ကြည့်ရှူ.နိုင်မှာဖြစ်ပါတယ်။ ကဲ version မြှင့်ပီးရင်တော့အရင်ဆုံး မြန်မာစာ ကီးဘုတ် ထည့်သွင်းရမှာပါ အဲ့ဒီအတွက်အောက်ကဆော့ဝဲလေးကို ဒေါင်းပါ

ဒေါင်းရန်ကလစ်နှိပ်ပါ
 ဒေါင်းပီးရင် install လုပ်လိုက်ပါ။install လုပ်ပီးရင် မဖွင့်ပါနဲ.ဦး။ ပီးရင်တော့ system setting ထဲကို ၀င်ပါ။language and inputထဲကိုဝင်ပါ။ keyboard and input methods မှာ frozen keyboard ကို ချက်စ် ပေးပါ။ ကျန်တာအားလုံး အမှန်ခြစ်ဖြုတ်ပါ။အပေါ်ဆုံးက Default လို.၀င်နေတဲ့ နေရာလေးကို တစ်ချက်နှိပ်ပါ။ frozen keyboard ကို ပဲ ချက်စ်ပေးပါ။ ဒါဆိုရင်တော့ ကီးဘုတ်သွင်းတဲ့ လုပ်ငန်းစဉ် ပီးဆုံးသွားပါပီ။ နောက်တစ်ခုအနေနဲ. အောက်ကဆော့ဝဲလေးကိုဒေါင်းပါ။

Zawgyi fontchanger.apk

ဒေါင်းပီးရင် tablet ထဲကို သွင်းလိုက်ပါ။ပီးရင်ဖွင့်လိုက်ပါ။ ဇော်ဂျီဖောင့်ပြောင်းရန်  ကို နှိပ်လိုက်ပါ။ auto reboot ပြုလုပ်နေသည် ခေတ္တ စောင့်ပါဟူသော ဘောက်စ်လေး ပေါ်လာပါလိမ့်မည် ။ ပီးရင် reboot ကျသွားပါလိမ့်မည် ။ ပြန်တက်လာသော အခါတွင် မြန်မာစာများအား ရေးလို.လဲ ရ ဖတ်လို.လဲ ရသွားပါလိမ့်မည်။ အားလုံးအဆင်ပြေကြပါစေ။


1 comment: