Thursday, November 7, 2013

Android KitKat နှင့် Nexus 5 စမတ်ဖုန်းကို Google မိတ်ဆက်

Android 4.4 KitKat ဟုခေါ်သည့် နောက်ဆုံးပေါ် mobile operating system ကို Google ကုမ္ပဏီကမိတ်ဆက်ပေးလိုက်သည်။

LG ကထုတ်လုပ်သည့် Nexus 5 တွင် ၅ လက်မအရွယ် 1080p display ပါဝင်ပြီး ယခင် Nexus အမျိုးအစားထက် အနည်းငယ်ပါးလွှာကာ ပေါ့ပါးသည်။ စွမ်းဆောင်ရည်မြင့် 2.26GHz Qualcomm Snapdragon 800 ပရိုဆက်ဆာကို အသုံးပြုထားပြီး 8-megapixel ကင်မရာကို optical image stabilization နှင့် HDR camera feature သစ်များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

Nexus 5 ကိုနိုင်ငံ ၁၀ နိုင်ငံတွင် မိတ်ဆက်သည့်နေ့၌ပင် စတင်ရောင်းချခဲ့ပြီး Best Buy ကဲ့သို့သော လက်လီစတိုးများတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာစာချုပ်မလို 16GB အတွက်အမေရိကန် ၃၄၉ ဖြစ်ပြီး 32GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉ ကျသင့်မည်ဖြစ်သည်။

Nexus 5 သည် KitKat feature သစ်များပါဝင်လာသည့် ပထမဦးဆုံး စမတ်ဖုန်းဖြစ်သည်။ KitKat တွင် web, search, app နှင့် communication tool သစ်များပါဝင်လာပြီး Box ကဲ့သို့သော third-party cloud ဝန်ဆောင်မှု အထောက်အပံ့များလည်း ပါဝင်လာသည်။ Google Handouts တွင် SMS နှင့် MMS message များကို စုဆောင်းသိမ်းဆည်း ပေးထားသည့်အတွက် chat များ၊ video callများနှင့် text များကိုတစ်နေရာတည်းတွင် တွေ့မြင်ရမည်ဖြစ်သည်။ Google Now တွင်လည်း အမျိုးအမည်သစ်များ ပါဝင်လာပြီး web ရှာဖွေမှုအပေါ်မူတည်ကာ မိမိစိတ်ဝင်စားမှုများကို ရှာဖွေပေးမည်ဖြစ်သည်။

အဆိုပါ mobile operating system သစ် KitKat ကို Nexus 5 စမတ်ဖုန်းသစ်နှင့်အတူ ဖြန့်ချိမည်ဖြစ်ပြီး အခြား Nexus ထုတ်ကုန်များနှင့် Samsung Galaxy S4, HTC One တို့အတွက်လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ဖြန့်ချိပေးမည်ဟု သိရသည်။

-နောင်နောင်
Ref: CNN

- See more at: http://www.myanmarinternetjournal.com/content/9235#sthash.NjHP7Ffh.dpuf

No comments:

Post a Comment