Wednesday, November 6, 2013

ZTE က Blade Q ဖုန်း ၃ မျိုးမိတ်ဆက်

တရုတ်နိုင်ငံမှ ဟန်းဖုန်းများပြုလုပ် ရောင်းချသော လုပ်ငန်းဖြစ်သည့် ZTE ကော်ပိုရေးရှင်းမှ Android နှင့်သုံးစွဲနိုင်သည့် ဖုန်း ၃ မျိုးကို မိတ်ဆက်ပြသခဲ့ပါသည်။ အဆိုပါဖုန်းများမှာ Samsung & Galaxy S4 ဖုန်းနှင့်ပုံစံတူပြီး HTC ၏ One စီးရီးဖုန်းနှင့်လည်း ပုံစံတူသည်။ အကြီး၊ အသေးနှင့်အလတ်စားပုံစံ ၃ မျိုးဖြင့်ထုတ်လုပ်ထားသည်။ Blade Q Mini မှာစကရင် ၄ လက်မအရွယ်ရှိပြီး WVGA(480x480) display ဖြစ်ပြီး Blade Q Maxi မှာ ၅ လက်မအရွယ် FWVGA (480x854) စကရင်ကိုသုံးစွဲထားသည်။ အလတ်စားဖြစ်သည့် Blade Q မှာစကရင် အရွယ်အစား ၄.၅ လက်မရှိသည်။ 1.6GHz dual-core Mediatek ပရိုဆက်ဆာ၊ 1GB RAM နှင့် 4GB internal storage ပါရှိပြီး ကင်မရာမှာ 5-megapixel ဖြစ်ပြီး Front-Facing ကင်မရာမှာ 0.3 megapixel ဖြစ်သည်။ Wi-Fi, Bluetooth 4.0 နှင့် GPS ပါရှိပြီး ဈေးနှုန်းနှင့်ရောင်းချမည့် ရက်ကိုမူပြောကြားထားခြင်း မရှိသေးပေ။

No comments:

Post a Comment