Saturday, October 12, 2013

အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေး ဥပဒေပုဒ်မများ


* အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

- ၆၆(ဂ) ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်း တစ်ရပ် ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီး စေခြင်း။

- ၆၆(ဃ) ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။

* အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး

- ၆၈ (က) မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆယ်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

-၆၈ (ခ) သတင်းအချက်အလက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း

မြန်မာပြည်သူပြည်သားအားလုံး တရားဥပဒေရဲ့ စောင့်ရှောက်မှုကို ခံယူနိုင်ကြပါစေ။

No comments:

Post a Comment