Thursday, October 3, 2013

Note 3 မှာ ပါတဲ့ Air command အကြောင်း။ (for android knowledge)



Note 3 ကို မကိုင်ဖူးသေးသော်လည်း အသစ်ပါဝင်လာတဲ့ Air command အကြောင်းကို လေ့လာမိသလောက် ရေးပြတာပါ။ S Pen နဲ့အတူ တွဲသုံးရမယ့် Air command ဟာ Note 3 မှာ ပါဝင်လာတဲ့ feature အသစ်ဖြစ်သလို နေ့စဉ် အသုံးဝင်မယ့် function တွေလဲ ဖြစ်ပါတယ်။ Air command မှာ အဓိက function (၅)မျိုး ပါဝင်ပါတယ်။ Action Memo Scrap book Screen Write S Finder Pen Window ............................ Action Memo Action Memo ဟာ အကြမ်းမျဉ်းပြောရရင် ရေးချင်ရာရေးဖို့ စာရွက်တစ်ရွက်ပါပဲ။ ဖုန်းနံပါတ်တစ်ခုကို နာမည်နဲ့တစ်ကွ မှတ်သားမယ်ဆိုပါတော့ .. ဥပမာ .. Mr.AD 09.............. လို့ရေးလိုက်ပြီး Action Memo ရဲ့ Action Button ကို နှိပ်လိုက်တာနဲ့ ဖုန်းခေါ်မလား၊ contact ထဲသို့ save မလား၊ sms ပို့မလား၊ email ပို့မလား၊ ထိုနံပါတ်ရဲ့ တည်နေရာကို ရှာဖွေမလား .. စသဖြင့် လုပ်နိုင်တယ်။ Contact ထဲသို့ save မယ်ဆိုရင် နာမည်နေရာမှာ သူ့လိုလို Mr.AD ရောက်သွားပြီး ဖုန်းနံပါတ်နေရာမှာ 09 ........... နံပါတ်များ ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Action Memo မှာ နံပါတ်ရေးပြီး တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပါတယ်။ ရုတ်တရက် ဖုန်းနံပါတ်တစ်ခု မှတ်သားချင်တဲ့အခါ အသုံးပြုရ အဆင်ပြေပါတယ်။ Scrap book အင်တာနက်အသုံးပြုတဲ့အခါ website များမှ စာများ၊ ပုံများကို မှတ်သားရယူချင်တဲ့အခါ Scrap book က ကူညီပေးပါမယ်။ သင် မှတ်သားထားချင်သော နေရာတ၀ိုက်ကိုသာ S Pen နဲ့ ၀ိုင်းလိုက်ပါ။ ထိုနေရာကို Screen capture လုပ်သွားပြီး Photo အဖြစ် .. မှတ်ထားပါလိမ့်မယ်။ မှတ်တဲ့နေရာမှာလဲ Scrap booker ထဲတွင် ကဏ္ဍအလိုက် ခွဲခြား မှတ်သားထားလို့ရပါတယ်။ ဥပမာ နည်းပညာ၊ အစားအသောက် .. စသဖြင့်ပေါ့။ Scrap book နဲ့ မှတ်ထားတဲ့ Photo တွေသည် ကြည့်ရှုရုံ သက်သက်မဟုတ်ပဲ .. ထို Photo ပေါ်ကို နှိပ်ပြီး သင် ဘယ်နေရာ ဘယ် website ကနေ ယူဆောင်ခဲ့တယ်ဆိုတာ Scrap book က photo နဲ့အတူ မှတ်သားထားတာဖြစ်လို့ မူရင်း Page တွေဆီ အလွယ်တကူ ပြန်သွားနိုင်ပါတယ်။ Youtube မှာ Video ကို ကြည့်နေရင်း .. Scrap book ကို အသုံးပြုပြီး S Pen နဲ့ video ပေါ်ကို ၀ိုင်းလိုက်ပြီး မှတ်ယူလိုက်တယ်ဆိုရင် ကိုယ်ပြန်ကြည့်ချင်တဲ့အခါ Capture ဖမ်းထားသော ဓါတ်ပုံပေါ်သို့ တစ်ချက်နှိပ်ပြီး မူရင်း video ကို ပြန်ကြည့်နိုင်ပါတယ်။ Screen Write Screen Write ကတော့ စာများ ရေးသားမှတ်သားဖို့ပဲဖြစ်ပါတယ်။ ထူးထူးခြားခြား function တော့ မဟုတ်ပါဘူး။ S Finder S Finder ကတော့ မိမိဖုန်းထဲမှာ ရှာဖွေချင်သည်များကို ရှာဖွေပေးပါမယ်။ Photos , Videos များကို နာမည်ရိုက်ကာ ရှာဖွေနိုင်ပြီး setting ပိုင်းများကိုလဲ နာမည်ရိုက်ကာ တိုက်ရိုက် သွားနိုင်ပါတယ်။ ဥပမာ bluetooth လို့ ရေးလိုက်ရင် bluetooth setting ထဲ ရောက်သွားမှာဖြစ်ပါတယ်။ တစ်ဆင့်ချင်း သွားဖို့မလိုတော့ အချိန်ကုန်သက်သာတာပေါ့။ ရှာဖွေရေးတွင် အချိန် ရက်စွဲ အလိုက်ရှာဖွေနိုင်ပြီး လွန်ခဲ့သော(၇)ရက်အတွင်းက ဆိုပြီး လတ်တလော ထည့်ထားသည်များကိုလဲ အမြန်ရှာဖွေနိုင်မယ့် quick search function တွေလဲ ပါဝင်ပါတယ်။ Pen Window Pen Window ကို ရွေးထားပြီး S Pen နဲ့ ဖုန်း screen ပေါ် ကြိုက်တဲ့နေရာတစ်ခုခုမှာ လေးထောင့်သဘောမျိုး ရေးဆွဲလိုက်ရင် Pop up window လေးတစ်ခု ပေါ်လာပါမယ်။ ထို Pop up ထဲတွင် Calculator , Clock , Youtube , Phone Call , Contacts , ChatON , Browser စတာတွေ ပါရှိပါတယ်။ အလွယ်တကူ အမြန်အသုံးပြုနိုင်အောင် Pop up window အနေဖြင့် Pen Window ကို အသုံးပြုပြီး ဖွင့်နိုင်ပါတယ်။ အဲ့ဒါပါပဲခင်ဗျ။ Action Memo နဲ့ Scrap book ကိုတော့ သဘောကျတယ်။ အသုံးဝင်ပြီး ထိရောက်စွာ အသုံးပြုနိုင်မယ့် features တွေ ဖြစ်ပါတယ်။ လေ့လာမိသလောက် ရေးပြတာပါ။ ကိုယ်တိုင်လဲ မကိုင်နိုင်သေးပါဘူး။ လက်တွေ့ထွက်လာတဲ့အခါ ကျွန်တော်ရေးတာတွေနဲ့ အနည်းငယ်ကွဲပြားရင်လဲ ကွဲပြားပါမယ်။ ကိုယ့်ဘော်ဒါတွေ ဗဟုသုတရအောင် ရေးပေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေ။ 

from:::::: Mr.AD

No comments:

Post a Comment