Tuesday, October 1, 2013

Proxy ကျော်မယ် ခွမယ်(for computer)

အရင်ဆုံး ဒီကိုသွားလိုက်ပါ...သွားလိုက်တာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း နိုင်ငံပေါင်းစုံရဲ့ IP Address နဲ့ Port တွေကိုမြင်ရပါလိမ့်မယ်။ Proxy တွေကို စက္ကန့်တိုင်းမိနစ်
တိုင်းအသစ် အသစ်ထုတ်ပေးနေတာပါ....အဲ့ထဲကမှ အစိမ်းတုံးများများပြားစွာဝင်နေတဲ့ proxy ကိုရွေးရပါမယ်။
အိုကေ...အဲဒီနိုင်ငံတွေရဲ့ Proxy တစ်ခုချင်းစီနဲ့ကျော်ခွမှာဖြစ်ပါတယ်.... Firefox ကိုဖွင့်လိုက်ပါ.. ပြီးတာနဲ့  Tool >> Options ကိုဝင်လိုက်ပါ... ပြီးတာနဲ့ Advanced >> Network  >> Settings ကိုရွေးပါ.. အောက်ပုံမှာရွေးထားတာကိုကြည့်လိုက်ပါ။
အိုကေ..ရွေးပြီးပြီဆိုတာနဲ့ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်.. .အဲဒီမှာ မိမိရဲ့ Internet Connection က No Proxy နဲ့နဂိုမူလက အသုံးပြုတယ်ဆိုရင် အခု အိုင်ပီကျော်
ဖို့အတွက် Manual Proxy Configuration: ကိုရွေးချယ်မှာဖြစ်ပါတယ်..ပြီးတာနဲ့ Proxy ထည့်တဲ့အဆင့်စပါတော့မယ်..ကျနော်ကတော့ Proxy List ထဲက လိုင်းအင်အား Speed ကောင်းတဲ့ Turkey ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်လိုက်ပါတယ်....Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါ
တယ်... ကဲ..ဘယ်လိုထည့်မလဲအောက်ကပုံမှာ ကြည့်ပါ။
ပုံမှာမြင်တဲ့အိုင်း HTTP Proxy: နဲ့ Port: မှာထည့်ပြီး Use this proxy server for all protocols ဆိုတာကိုအမှန်ခြစ် ပြီး OK >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ ပြီးတာနဲ့ www.google.com ကိုခေါ်ကြည့်လိုက်ပါ... google က အခက်အခဲမရှိတက်လာတယ်ဆိုရင် ဒီ Proxy အလုပ်လုပ်ပါတယ်... တစ်ကယ်လို့ www.google.com ကို လေးငါးကြိမ်ခေါ်နေသော်လည်း The connection was reset , server not found အဲလိုတွေပေါ်နေရင်တော့..ဒီ Proxy အလုပ်မလုပ်ပါဘူး..အခြားနိုင်ငံတွေရဲ့ Proxy ကိုပြထားတဲ့နည်းတွေအတိုင်းထည့်ကြည့်ပြီး google.com ခေါ်ကြည့်ပါ... တစ်ကယ်လို့ google.com တက်လာတယ်ဆိုရင်တော့...ေ အးအေးဆေးဆေး Register လုပ်ကာ ကျော်ခွနိုင်ပြီဖြစ်ပါတယ်.....

No comments:

Post a Comment