Saturday, October 12, 2013

နောက်မျိုးဆက် iPhone မျက်နှာပြင်အကျယ် ၅ လက်မခန့်ရှိမည် (i phone 6)


ယခုရက်ပိုင်းအတွင်း ထွက်ရှိလာနေတဲ့ သတင်းများအရ နောက်ထွက်ရှိမယ့် iPhone ဟာ မျက်နှာပြင်အကျယ် ၅ လက်မ ခန့် ရှိမယ်လို့ သိရပါတယ်။ စက်တင်ဘာလ အစောပိုင်းကလည်း The Wall Street Journal ကနေ Apple ဟာ မျက်နှာပြင် ၆ လက်မအထိ iPhone များစမ်းသပ်နေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ iPhone 5 (5s,5c) ဟာ မျက်နှာပြင် ၄ လက်မသာ ရှိတဲ့အတွက် တခြားသော ယှဉ်ပြိုင် ဖုန်းများနှင့် ယှဉ်ကြည့်လျှင် သေးငယ်နေတာကို တွေ့နိုင်ပါတယ်။ သို့သော် APPLE ကတော့ ၄င်းတို့၏ ဖုန်းသည် လက်တစ်ဖက်တည်းနဲ့ လုပ်ငန်းဆောင်တာများ အားလုံးကို ပြုလုပ်နိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ iPhone 5 ကိုမိတ်ဆက်ပြသစဉ်က ပြောကြားခဲ့ဖူးတယ်။

အခုအချိန်မှာတော့ iPhone ဟာ မျက်နှာပြင်အကျယ် ၅ လက်မ ခန့်နဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး iPhone 6 လို့ခေါ်တွင်နိုင်ဖွယ် ရှိပါတယ်။ အဆိုပါ iPhone 6 ကိုလာမယ့် 2014 ခုနှစ် ဒုတိယ နှစ်ဝက် ရောက်မှသာ မိတ်ဆက်ဖွယ် ရှိပါတယ်။

No comments:

Post a Comment