Friday, October 25, 2013

Lenovo Miix2 Quad-Core Windows 8.1 Tablet



 ကီးပတ်ဖုန်းတွေအလွန် စမတ်ဖုန်းတွေနိုးထလာချိန် ကုမ္ပဏီတစ်ခုနဲ့တစ်ခု သူအပြိုင်ကိုယ်အပြိုင် မျက်နှာပြင်ကြီးကြီး၊သေးသေး စွမ်းဆောင်ရည်တွေ အပြိုင်ချဲလာကြပါတယ်။ အားလုံးက စမတ်ဖုန်းတွေဘက်ကို အာရုံစိုက် နေတဲ့ အချိန် တစ်ဖက်မှာလည်း Tablet တွေရဲ့ ပြိုင်ဆိုင်မှုက မသိမသာနဲ့ သိသိ သာသာကြီးကို နယ်ချဲ့လာပါတယ်။ အရင် Tablet တွေတုန်းက သုံးစွဲသူတွေဟာ စမတ်ဖုန်းတွေထက်မျက်နှာပြင် ကြီးတာကလွဲပြီး ကျန်တဲ့စွမ်းဆောင်ရည်ပိုင်းတွေကို အားရမှုသိပ်မရှိတဲ့ အတွက် Tablet ရဲ့  စိတ်ဝင်စားခံရမှု အခန်းကဏ္ဍဟာ စမတ်ဖုန်းတွေ လောက် အရေးမပါခဲ့ပါဘူး။ ဒါကြောင့် ယခုနောက်ပိုင်းထုတ်လာတဲ့ Tablet တွေဟာ အရင်ကထက် စာရင် စွမ်းဆောင်ရည်ပိုင်းနဲ့ အရည်အသွေးအပိုင်းမှာ သိသိသာသာ တိုးလာပြီး အနာဂတ်မှာ Laptop တို့လိုကွန်ပျူတာမျိုးကိုပင် ပျောက်ကွယ် သွားနိုင်အောင် ခြိမ်းခြောက်လာနိုင်တဲ့အထိ စွမ်းအားကြီးမြင့်လာတာ ကို မြင်တွေ့ရပါတယ်။ အခုလည်း Lenovo Miix2 လို့ခေါ်တဲ့ Windows 8.1 သုံး Tablet ကိုဈေး ကွက်အတွင်းဖြန့်ချိဖို့ မိတ်ဆက်လာပါတယ်။ Tablet လို့ဆိုပေမယ့် Windows သုံးအမျိုးအစားဖြစ်တဲ့ အတွက် ယခင်ထွက်ရှိပြီးဖြစ်တဲ့ Microsoft Surface နှင့် Dell တို့ကိုဈေးကွက်အတွင်း ယှဉ်ပြိုင်မယ့် Hybrid နှစ်မျိုးစပ် Tablet/ Laptop ပါပဲ။ Lenovo Miix2 tablet မှာ မျက်နှာပြင် အကျယ် ၈ လက်မနှင့် Window 8.1 သုံး 10-point multi-touch မျက်နှာပြင်အမျိုးအစားပါ။ quad core processor ကိုအသုံးပြုထားပြီး resolution 1280 x 800 pixels အထိပေး စွမ်းနိုင်ပါတယ်။ Micro Sd ထပ်တိုးအသုံးပြုနိုင်ပြီး internal memory 128GB အထိ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။ RAM ဘယ်လိုအသုံးပြုထား တယ်ဆိုတာတော့ ရေးသားထားခြင်းတော့ မတွေ့ရပါဘူး။ ကျန်တဲ့ အချက်အလက်တွေဖြစ်တဲ့ အနောက်ကင်မရာ 5MP အသုံးပြု ထားပြီး၊ ရှေ့ကင်မရာကို 2MP အသုံးပြုပေးထားပါတယ်။ ယခင်ထွက်ရှိပြီး ဖြစ်တဲ့ Tablet တွေထက်အားသာချက်က စိတ်ကြိုက်ရေးခြစ်နိုင်မယ့် Stylus Pen ပါဝင်လာတာပါပဲ။ အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့ ကြေငြာထားပါတယ်။
 Ref:Geeky

No comments:

Post a Comment