Tuesday, October 1, 2013

Google Search အတွက် Hummingbird ရှာဖွေမှုနည်း စနစ်ကို Google မိတ်ဆက်ကြေညာ

Google ကို စတင်တည်ထောင်သည့် ၁၅ နှစ်မြောက် နှစ်ပတ်လည် နေ့တွင် Google Search ၏ ရှာဖွေနည်းစနစ်ကို ပြောင်းလဲအသုံးပြုမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ကြေညာခဲ့သည်။

Google Search တွင်အသစ်ပြောင်းလဲ အသုံးပြုမည့် ရှာဖွေမှုနည်းစနစ် (engine) ကို Hummingbird ဟုခေါ်တွင်ပြီး ၎င်းသည် ၂၀၁၀ ခုနှစ်က Caffeine ကို မိတ်ဆက်ပေးပြီးနောက် Google မှ ပထမဦးဆုံး ပြောင်းလဲခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် Hummingbird သည် ကမ္ဘာတစ်ဝန်းရှိ Google ဖြင့် ရှာဖွေမှုပြုလုပ်သူ ၉၀ ရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်ကြောင်း Google စီနီယာ ဥက္ကဋ္ဌဖြစ်သူ Amit Singhal က ပြောကြားခဲ့သည်။

Search engine တစ်ခုတွင် ရှာဖွေမှု ရလဒ်များရှိ ဝက်ဘ်ဆိုက်များ အဆင့်အတန်း သတ်မှတ်ပေးခြင်း (page ranking) နှင့် လျင်မြန်ပြီး တိကျသည့် အချက်အလက်များကို ရှာဖွေပေးခြင်း (indexing) တို့ဖြင့် အတူတကွ ဖွဲ့စည်းထားကြောင်း၊ Caffeine သည် page ranking ကို အဓိကထား လုပ်ဆောင်သော်လည်း Hummingbir သည် indexing ကို ပိုမိုအဓိကထား လုပ်ဆောင်ပေးကြောင်း Singhal က ရှင်းပြခဲ့သည်။

-နောင်နောင်
Ref: CNET

- See more at: http://www.myanmarinternetjournal.com/content/8459#sthash.dkjfhHbx.dpuf

No comments:

Post a Comment