Saturday, October 5, 2013

Onda v711 tablet အားအလွယ်ဆုံးနည်းလမ်းဖြင့် jelly bean firmware တင်မယ် (for android)

Onda v711 tablet ကို jelly bean firmware တင်ကြည့်ပါမယ် လွယ်ပါတယ်ခဏလေးရယ်ပါ။အရင်ဆုံးfirmware ဖိုင်လေးတစ်ခုလောက်ဒေါင်းရပါမယ်။Update လုပ်မဲ့ jelly bean firmware လေးပါအောက်ကကြိုက်တဲ့လင့်မှာ ဒေါင်းလို.ရပါတယ်။

ဒေါင်းလော့ရယူရန်ကလစ်နှိပ်ပါ။
(သို.မဟုတ်)
Direct Link ကနေ ဒေါင်းလော့ရယူရန်ကလစ်နှိပ်ပါ။

ဒေါင်းပီးရင် v711d_v2.0-sd.zipဆိုပီးဖိုင်လေးတစ်ဖိုင်ထွက်လာပါမယ်။ အဲ့ဖိုင်လေးကိုzip ဖြည်လိုက်ပါ။ဖြည်လို.ရလာတဲ့ဖိုင်တွေအားလုံးကို format ရိုက်ထားတဲ့ sd card အလွတ်ထဲကို ထည့်ပါ။ထိုsd card ကို tablet ထဲမှာစိုက်ပါ။ ထို.နောက် စက်ကို ပါဝါပိတ်လိုက်ပါ။ ပါဝါပိတ်သွားရင် Power key + Home Key ကိုပြိုင်နှိပ်ထားပေးပါ။ စကရင်အမဲလေးအရင်တက်လာပါမယ် ပီးရင် စက်ရုပ်ပုံလေးကို တစ်ခု လည်နေတာလေး တက်လာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ထိုစက်ရုပ်ပုံလေးအောက်မှာလည်း loading လုပ်နေပါလိမ့်မယ်။ ပီးသွားရင်တော့ reboot ကျပီး စက်ပြန်တက်လာပါလိမ့်မယ်။ အဲ့အချိန်မှာတော့ jelly bean တင်တာအောင်မြင်သွားပါပီ။ setting ထဲက about tablet ထဲမှာ 4.1.1 ဆိုတောလေးကို တွေ.ရပါလိမ့်မယ်။အဆင်ပြေပါစေ ခင်ဗျာ။

No comments:

Post a Comment