Thursday, October 3, 2013

IT ဆိုတာဘာလဲ?



IT ဆိုတာဘာလဲ IT, IT နဲ့ ပြောဆိုနေကြတာ။ သူ့ရဲ့  အဓိပ္ပါယ်ကို သေသေချာချာ သိတဲ့သူ နည်းပါတယ်။ စာရေးသူ ကိုယ်တိုင်တောင် မသိခဲ့တဲ့ အရာလေးပါ။ မြန်မာလို တိုက်ရိုက် ဘာသာပြန်တော့ သတင်းအချက်အလက် နည်းပညာ လို့ ဆိုပါတယ်။ သတင်းအချက်အလက် နည်းပညာဆိုတော့ သတင်းစာ နဲ့ နည်းပညာ ကိုပဲ ပြောတာလား၊ ဂျာနယ်နဲ့ နည်းပညာကိုပဲ ပြောတာလား အစရှိသဖြင့် ရိုးရိုးလေး လျှောက်တွေးမိကြတာပေါ့။ ကွန်ပြူတာဆိုတာ လူကို အထောက်အကူပြုဖို့ပေါ်ပေါက်လာတာပါ။ ယင်း ကွန်ပြူတာကို အခြေခံလို့ လုပ်တဲ့ အလုပ် မှန်သမျှကို အိုင်တီ အလုပ်လို့ခေါ်ပါတယ်။ အမေရိကန် ITAA ရဲ့  အဓိပ္ပါယ်ပြန်ချက် ကတော့ ကွန်ပြူတာကို အခြေခံ သတင်းအချက်အလက် စနစ် - စီမံခန့်ခွဲမှု၊ ထောက်ပံ့မှု၊ စီမံကိန်းချမှု၊ အပလီကေးရှင်း ဖန်တီးမှု၊ Development, ဒီဇိုင်း, သင်ကြားရေး အစရှိသဖြင့် အားလုံးကို ခြုံငုံဖော်ပြ ထားပါတယ်။ သတင်းအချက်အလက် သိမ်းဆည်းရန်၊ ရယူရန်၊ ဖြန့်ချိရန်၊ ကိုင်တွယ် အသုံးပြုရန် ဖန်တီးထားသော ကွန်ပြူတာနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ၏ Application တစ်ခုလို့လည်း ဘာသာပြန်ထား ပါတယ်။ ဒါဆိုရင လုံလောက်ပါပြီ။ အိုင်တီ ပစ္စည်း ပေါ်လာတယ်ဆိုတာ သတင်းအချက် အလက် သိမ်းဆည်းရန်၊ မျှဝေရန်၊ ဖြန့်ချိန်ရန်တို့ပါပဲ။ ဂိမ်းဆော့တယ်ဆိုတာ သတင်းအချက်အလက်ကို ကိုင်တွယ် အသုံးပြု (Manipulate) လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဝင်ပါတယ်။ Facebook ဆိုတာ လူသားတို့ရဲ့  သတင်းအချက်များ စုစည်းရာ၊ မျှဝေရာ နေရာ တစ်ခုပါ။ ဒါကြောင့် သူ့ကို အိုင်တီ ကုမ္မဏီလို့ ဆိုပါတယ်။ Apple က ဆက်သွယ်ရေးအတွက် စမတ်ဖုန်းထုတ်တယ်။ သတင်းအချက်အလက် သိမ်းဆည်းရန်၊ ကိုင်တွယ် အသုံးပြုရန် Macbook ထုတ်တယ်။ ဒီတော့ Apple ကလည်း အိုင်တီ ကုမ္မဏီဖြစ်ပါတယ်။ ဒီတော့ ယင်း အိုင်တီ ရယ်လို့ ခေါင်းစဉ်တပ်လိုက်တဲ့ လုပ်ငန်းအမျိုး အစားတွေတိုင်းမှာ ပါဝင်လုပ်ကိုင်နေသူ အားလုံးဟာ အိုင်တီသမားပါ။ အိုင်တီသမားဆိုလို့ ဝဘ်ဆိုဒ် ဟက်တတ်မှ၊ ဝဘ်ဆိုဒ်ရေးတတ်မှ၊ ဆော့ဖ်ဝဲ လေးတွေ ရှာဖွေတတ်မှ၊ ဖန်တီးတတ်မှကို မဆိုလိုပါဘူး။ ကွန်ပြူတာ စာရင်းကိုင်ဟာလည်း အိုင်တီ သမားပါပဲ။ Photoshop ဆော့ဖ်ဝဲ အသုံးပြု လုပ်ကိုင်သူလည်း အိုင်တီသမားပါပဲ။ Auto cad ရေးသားသူလည်း အိုင်တီ သမားပါပဲ။ စီးပွားရေးနဲ့ ဘွဲ့ရပေမယ့် အိုင်တီကုမ္မဏီမှာ စီမံခန့်ခွဲရေး၊ ဖြန့်ချိရေး လုပ်နေသူများလည်း အိုင်တီ သမားပါပဲ။ ဒီတော့ အလွယ်အားဖြင့် ကွန်ပြူတာနဲ့ ဆက်စပ်ပြီး တည်ဆောက်ဖန်တီး မယ်၊ လုပ်ကိုင်မယ်၊ ထိန်းသိမ်းပြုပြင်မယ်၊ ယင်းကွန်ပြူတာကို အခြေခံပြီး အလုပ်လုပ်မယ် ဆိုရင် အိုင်တီ အလုပ်ပါပဲ။ ကွန်ပြူတာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း ကွန်ပြူတာမှတ်ဥာဏ်ပါဝင်တဲ့ ပစ္စည်းအားလုံးကို ဆိုလိုပါတယ်။ စမတ်ဖုန်း၊ စက်ရုံသုံး ထိန်းချုပ်ရေးစနစ် ပစ္စည်း၊ ကားအတွင်း ထိန်းချုပ်စနစ် ပစ္စည်း အစရှိသဖြင့် အားလုံး ပါဝင်ပါတယ်။ ဒီတော့ ကျယ်ပြန့်တဲ့ အိုင်တီ နယ်ပယ်မှာ ကိုယ် အဆင်ပြေရာ လမ်းကို ရွေးချယ်လို့ လျှောက်လှမ်းနိုင်အောင် ဗဟုသုတ အဖြစ် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။ . Aung Kham

1 comment:

  1. ရွှေနဒီနည်းပညာဝေမျှခြင်း: It ဆိုတာဘာလဲ? >>>>> Download Now

    >>>>> Download Full

    ရွှေနဒီနည်းပညာဝေမျှခြင်း: It ဆိုတာဘာလဲ? >>>>> Download LINK

    >>>>> Download Now

    ရွှေနဒီနည်းပညာဝေမျှခြင်း: It ဆိုတာဘာလဲ? >>>>> Download Full

    >>>>> Download LINK

    ReplyDelete