Tuesday, October 29, 2013

၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7

မြန်မာငွေ ၆ သောင်းလောက် နဲ့ ဥရောပ ဖြစ် ကျောက်သင်ပုန်း ကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ် ပြည် ထွက် Tablet တွေကို ခဏ မေ့ထား နိုင်မှာ အမှန်ပါပဲ။

အမည်ကတော့ Avoca 7 လို့ ခေါ်ပါတယ်။ ဗြိတိန် ပေါင် ၄၉ နဲ့ ဗြိတိန် အခြေ ဆိုက် Carphone Warehouse က ထုတ်တာ ပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီ က 3000 mAh တောင် ရှိပါတယ်။ ၈ နာရီ လောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်း အတာ ရှိပြီး အလေးချိန် ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါ တယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုး ထဲ ထွက်ပါတယ်။

Android 4.2 Jelly Bean OS ကို အသုံးပြု ထား ပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေး တယ်။ ဒါကို မြန်မာ ကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာ မို့ တော်တော် လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။

http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs

Aung Kham ( TSJ team )
 
 

No comments:

Post a Comment